မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်း
အများဆုံးထုတ်လုပ်သောနိုင်ငံဖြစ်သည်
ကျောက်စိမ်း တစ်ကီလိုဂရမ်သည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ အဖိုးတန်နိုင်ပြီး ကျောက်စိမ်းနှင့် ကျောက်စိမ်းနှင့် သက်ဆိုင်သော လုပ်ငန်းများကလည်း အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်သည်ဟု ခန့်မှန်းရသည်။ ကျောက်စိမ်းကို ဝယ်ယူသည့် အဓိကဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံတွင် ရှေးအစဉ်အဆက် ယဉ်ကျေးမှုဓလေ့အရ ကျောက်စိမ်းအား တန်ဖိုးထားသလို တော်ဝန်နန်းဆန်မှုနှင့် တွဲယှဉ်ပြီးလည်း မှတ်ယူကြသည်။ ကမ္ဘာ့အကြွယ်ဝဆုံး ကျောက်စိမ်းတွင်းကြီးများတည်ရှိသော မြန်မာနိုင်ငံမှ ကချင်ပြည်နယ်သည် တရုတ်နိုင်ငံ တောင်ပိုင်းနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိနေသည်။

ကြေညာချက်
ပဥ္စမအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်) ထုတ်ပြန်
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်
Myanmar Extractive Industries Transparency Initiative - MEITI က ပဥ္စမအကြိမ်မြောက် မြန်မာနိုင်ငံ EITI အစီရင်ခံစာ (၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်)ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ မြန်မာနိုင်ငံ EITI အစီရင်ခံစာအား လေ့လာဖတ်ရှုလိုပါက အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။