ဝက်ဆိုဒ် အကြောင်းအရာ

 

ပွင့်လင်းအချက်အလက် - မြန်မာ့ကျောက်စိမ်းသည် တွင်းထွက်သယံဇာတ အရင်းအမြစ်တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်း မြင်သာမှုဖော်ဆောင်ရေး (Extractive Industries Transparency Initiative or EITI) မှ နောက်ဆုံး ထုတ်ပြန်ထားသော အချက်အလက်များကို အသုံးပြုပြီး မြန်မာ့ကျောက်စိမ်းကဏ္ဍအား မီးမှောင်းထိုးတင်ပြထားပါသည်။

ဤဝက်ဆိုဒ်သည် ပြည်သူများမှ ကျောက်စိမ်းကဏ္ဍအား ပိုမိုနားလည်သိရှိလာစေရန်နှင့် ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လှုပ်ရှားမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

ပွင့်လင်းအချက်အလက် - မြန်မာ့ကျောက်စိမ်းကို Natural Resource Governance Institute (NRGI) နှင့် the School of Data မှ ပူးပေါင်းဆောင်ရွက်ပါသည်။ မြန်မာနိုင်ငံနှင့် အခြားကမ္ဘာအရပ်ရပ်တွင် ဆောင်ရွက်လျက်ရှိသော NRGI ၏ လုပ်ငန်းများအား အသေးစိတ် သိရှိလိုလျင် resourcegovernance.orgတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ The School of Data နှင့် စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကိုလည်း schoolofdata.orgတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

ဤဝက်ဆိုဒ်မှာ စမ်းသပ်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ဝက်ဆိုဒ်လိပ်စာ၊ ဆောင်းပါးများနှင့် ပုံများတွင် ပြောင်းလဲမှုများ ရှိနိုင်ပါသည်။ ပါဝင်သည့် အချက်အလက်များ အလုံးစုံ တိကျပြည့်စုံမည်ဟု မဆိုနိုင်သေးပါ။ ယခုတင်ပြထားသည့် အချက်အလက်များကို အသုံးပြုမည်ဆိုပါက မူရင်းအချက်အလက် ရင်းမြစ်နှင့် တိုက်ဆိုင်၍ အမြဲပြန်လည်စစ်ဆေးသင့်ပါသည်။

ဓါတ်ပုံများနှင့် အဖွဲ့အစည်းများ၏ logo များမှအပ ယခုဝက်ဆိုဒ်တွင် ပါဝင်သည့် အချက်အလက်များကို Creative Commons Attribution-ShareAlike License အရ မှတ်ပုံတင်ထားပါသည်။.

Source code on Github: website, mining licenses explorer, revenue flows explorer.

 

အသိအမှတ်ပြု ကျေးဇူးတင်လွှာ

ဤဝက်ဆိုဒ်ကို Natural Resource Governance Institute (NRGI) နှင့် School of Dataတို့၏ ကူညီပံ့ပိုးပေးမှုဖြင့် ရေးဆွဲပါသည်။

ဓါတ်ပုံများကို မင်းဇေယျာဦး၊ တင်ထက်ပိုင်နှင့် Andrew Bauer တို့မှ ရိုက်ကူးထားပါသည်။